ဒီနည်းလမ်းကတော့ ပြုလုပ်ရတာ လွယ်ကူမြန်ဆန်သလို စက်တိုင်းမှာလည်းရှိတယ်
သူ့ နာမည်က Miscrosoft Publisher ပါ ။ Miscrosoft Package တစ်ခုလုံးကိုသာ
Standard နဲ့ အင်စတောလုပ်ထားရင် ဒီဟာပါလာမှာပါ အဲ့လိုမဟုတ်ပဲ ပြုပြင်ထားတဲ့
Customize အင်စတောဆို Publisher ,Access ,တို့ ဖြုတ်ထားတတ်တယ် မသုံးတဲ့
အပိုင်းတွေ ထားခဲ့တော့ စက်ပေါ့တယ် နေရာအလွတ်ကျန်တယ် ရုံးက ကွန်ပျုတာမှာ
မထည့်ထားတဲ့ စက်တွေများတယ် ရုံးပိုင်းမှာက သိပ်မသုံးကြဘူး ။ Word , Excel နဲ့ 
Power Point တွေ အသုံးများလို့ ပါ ဒါပေမယ့် ဒီဇိုင်းဝါသနာရှင်တွေ ဖိတ်စာ လိပ်စာ
ဓာတ်ပုံနဲ့ ပြက္ခဒိန်လုပ်ချင်သူတွေက ဒီဟာလေးကို သုံးကြည့် အရမ်းအဆင်ပြေတယ်
နာမည်တွေအစားထိုးရုံနဲ့  လွယ်ကူစွာ လိပ်စာကဒ်တစ်ခု ရလာမှာပါ ။ ပိုစ်ကတ်လေး
မီနူးဒီဇိုင်း ဘွဲလက်မှတ် ဒီဇိုင်းစုံလင်စွာ လုပ်လို့ ရပါတယ် ။ ဒီဇိုင်းနဲ့ ပတ်သက်လာရင်
ဝက်ဆိုဒ်ဒီဇိုင်းတွေက အစ ရေးလို့ ရအောင် ပြုလုပ်ပေးထားတဲ့အတွ က် သုံးဝင်တဲ့
ဆော့ဝဲလေးပါ ကိုယ်စက်ထဲမှာ ရှိတယ်ဆိုရင် သုံးကြည့်ဖို့ တိုက်တွန်းလိုက်ပါ၏.....။
Microsoft Publisher — desktop publishing software mostly used for designing brochures, labels, calendars, greeting cards, business cards, newsletters, and postcards.
http://www.mssk.info.ကူယူပါသည်
No comments:
Post a Comment