Photoshop ဖြင့် ဒီဇိုင်းဆွဲနည်း(၄)

အခုတစ်ပတ် တင်မယ့် ဒီဇိုင်းဆွဲနည်းလေးကတော့ ဓာတ်ပုံဆိုင်အများစုမှာ နေ့စဉ်လိုလို ဆောင်ရွက်ပေးနေရတဲ့ ဘောင်ထည့်နည်းလေးပါ။
စိတ်ဝင်စားမယ်ထင်လို့ တင်ပြပေးလိုက်ပါတယ်။
မြန်မာဆန်ဆန် အလှနဲ့ ညှို့ငင် ဖမ်းစားနိုင်တဲ့ မိုးဟေကို ရဲ့ဓာတ်ပုံလေးကို ဘောင်လှလှလေးနဲ့ လုပ်ကြည့်ကြရအောင်နော်။
ဒီပုံလေးကတော့ မူလဓာတ်ပုံလေးပါ။
ဒီပုံလေးကတော့ ဘောင်ထည့်ပြီးပုံလေးပါ။
လေ့ကျင့်ခန်းမစခင် မိုးဟေကိုရဲ့ပုံလေးကို သင့်ကွန်ပျူတာထဲကို ကူးထားလိုက်ပါ။
အဆင့်(၁)
သင်ကူးထားတဲ့ မိုးဟေကိုရဲ့ ပုံလေးကို Adobe Photoshop ကိုသုံးပြီး ဖွင့်လိုက်ပါ။
Layer မှာ ဒီအတိုင်းပေါ်နေပါမယ်။
Background ကသော့လေးကိုတော့ ဒီအောက်ကနည်းနဲ့ဖွင့်လိုက်ရအောင်..
Layer menu က New ထဲဝင်ပြီး Layer From Background… ကို ရွေးလိုက်ပါ။
New Layer box တစ်ခုပေါ်လာပါမယ်။
Name နောက်မှာ Moe လို့အမည်ပေးပြီး OK လုပ်လိုက်ပါ။
Layer က ဒီလိုလေးပြောင်းသွားပါမယ်။
အဆင့်(၂)
Image Menu က Canvas Size…ကို ရွေးလိုက်ပါ။ Alt + Ctrl + C ကို နှိပ်လည်းရပါတယ်။
အောက်မှာပြထားတဲ့အတိုင်း Canvas Size ပေါ်လာပါမယ်။
အောက်မှာပြထားတဲ့အတိုင်း Width နဲ့ Height ကို .5 စီထားလိုက်ပြီး Relative ကို On ပေးလိုက်ပါ တယ်။ ပြီးရင် OK ကို Click လုပ်လိုက်ပါ။ (အတိုင်းအတာတွေကတော့ ကြိုက်ရာထားကြည့်ပေါ့)
အောက်မှာ တွေ့ရတဲ့အတိုင်း ဓာတ်ပုံရဲ့ဘေးမှာ နေရာလွတ်ကလေးပေါ်လာပါမယ်။
အဆင့်(၃)
Layer Menu က New ကို သွားပြီး Layer ကို ရွေးလိုက်ပါ။ Shift + Ctrl + N ကိုရွေးရင်လည်း ရပါတယ်။
အောက်ပါအတိုင်း New Layer Box ပေါ်လာရင် Neme နောက်မှာ Border လို့ အမည်ပေးလိုက်ပါ။
ပြီးရင် OK ကို Click လုပ်လိုက်ပါ။
Layer Palette ကို ကြည့်လိုက်ပါ။ အောက်ပါအတိုင်းပုံလေးပေါ်နေမယ်။

No comments:

Post a Comment